လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် အခြေခံရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြ သင်ကြား လေ့ကျင့်ပေး

လှိုင်းဘွဲ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ် သင်ကြားပေးသော အခြေခံ ရှေးဦးသူနာပြုစုခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ  ရှေးဦးသူနာပြုစုခြင်း သင်တန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း လှိုင်းဘွဲမြို့နယ် ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူးဒေါ်အေးအေးဖြူနှင့် သင်တန်းနည်းပြများက ကြက်ခြေနီ အကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုခြင်း အခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးအက်ဒဏ်ရာ ပတ်တီး စည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့် အချက်များ၊ မိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက် များကို အသိပညာပေးခြင်းစသည့် အကြောင်းအရာများကို စာတွေ့လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရှိရ သည်။

စောဒိ(ပြန်/ဆက်)