ဘိုကလေး နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ (၇)လမ်း တွင် နိုဝင်ဘာ(၂၀)ရက်နေ့၌ မီးအားမြှင့်စက်အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်၍ နေအိမ် တစ်လုံးမီးလောင်ခဲ့ရာ အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် အိမ်ထောင်စုဝင်အား မြို့နယ် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ နိုဝင်ဘာ(၂၂)ရက်နေ့ညနေ(၄)နာရီ၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိုနယ် ဦးစီးမှူး ဦးသော်ထက်အောင်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူ များ၏ ရှေ့မှောက်တွင် မီးဘေးသင့်အိမ်ထောင်စုဝင် လက်ဝယ်အရောက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၉)သောင်းကျပ်နှင့် မီးဘေးသင့်မိသားစုဝင်(၃)ဦးအတွက် (၇)ရက် စာ ဆန်ရိက္ခာဖိုးတို့အား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)