ဖျာပုံ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ" လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံ ချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက် ပေးခြင်းကို ယမန်နေ့ နံနက်၉နာရီက ဖျာပုံမြို့နယ်ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်း တွင် ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ရှင်းလင်းပြောကြားပြီး၊ ဖျာပုံမြို့နယ်ဂုံညှင်းတန်းကျေးရွာ အုပ်စု ရှိအသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ မှတ်ပုံတင်အသစ်လဲလှယ်ခြင်းများကို ပြုလုပ် ဆောင်ရွက် ပေးရာတွင် လူဦးရေ(၈၁)ဦးနှင့် အိမ်ထောင်စုစာရင်းမရှိသူ(၅၄)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စ စာရင်းမရှိသူစုစုပေါင်း (၁၂၅)ဦး အားဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှသိရှိရသည်။
အောင်ဝင်းနိုင်