ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များ စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဘောဂလိ  နိုဝင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန် ကာကွယ် တားဆီး ထိန်းချုပ်နိုင် ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ  ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေး ပြန်ကြားချက်များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက် နာကြစေရန်အတွက်  အသိပညာပေး နှိုးဆော်မှုများအား ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

အဆိုပါအသိပညာပေးလုပ်ငန်းတွင် ဘောဂလိမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများ အနေဖြင့် မိမိတို့အိမ် အတွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်၊ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုရန်၊ မဖြစ်မနေအရေး ကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ ကိုစနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ကြဉ်ကြရန် စသည့်အချက်များကို ရပ်ကွက်များအတွင်း လှည့်လည်၍ လိုက်လံနှိုး ဆော်ခဲ့ကြောင်း သိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)