ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၂၃
၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်(အကြို)ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လည်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန ခန်းမနှင့် ပြည်သူ့ စာကြည့်တိုက် ကလေးစာဖတ်ခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်း ညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန် ပေး)ဒေါ်သိင်္ဂီပြည့်ဖြိုးက လူထုအခြေပြု ဗဟိုဌာနခန်းမတွင် မူလတန်းကျောင်းသား၊ ကျောင်းသူ များအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအားအသိပညာပေး ရှင်းလင်းဟောပြောသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်များကို လေ့လာဖတ်ရှုကြရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဗဟုသုတရအောင် ရှင်းလင်းပြောကြား ပြသပေးခဲ့ရာ အဆိုပါ နံရံကပ်စာ စောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်၊ ၂၀၂၁ခုနှစ်၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆုရကဗျာ များ ဆောင်းပါး၊ ကာတွန်းများနှင့် သိမှတ်ဖွယ်ရာများကို ပြသထားကြောင်း သိရသည်။
ယင်းနောက် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူကလေး ငယ်များ စိတ်ပျော်ရွှင်စေရန်အတွက် ကာတွန်းရုပ်ပုံ ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပြီး အကောင်းဆုံး ဆေးရောင်ခြယ်နိုင်သူ ကျောင်းသား၊ ကျောင်းသူ၅ ဦးကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သိင်္ဂီပြည့်ဖြိုးနှင့် စာကြည့်တိုက် လက်ထောက်(၃)တို့က အမှတ် တရ လက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီး ကလေးများအား အာဟာရ အဖြစ် မုန့်များဝေပေး ခဲ့ကြောင်း သိရသည်။
ဝေယံ