ထားဝယ် နိုဝင်ဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့် အညီမြန်မာနိုင်ငံသား တိုင်ရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ပန်းခင်းစီမံ ချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေး ရေး လုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက အိုးလုပ်အရှေ့ ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက် ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ရပ်ကွက်နေပြည်သူများအား ရင်ရင်းနှီးနှီးတွေ့ဆုံပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီး သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဒေသခံ ပြည်သူများထံ လက်ဝယ် အရောက်ပေးအပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နို်ငငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာမူလတန်းကျောင်းတွင် ရပ်ကွက်နေပြည်သူများ အား နိုဝင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)