တကူတိုက်နယ်ဆေးရုံ၌ကိုဗစ်လူနာသစ်(၄)ဦးတွေ့ရှိပြီး၊ကုသဆဲလူနာ(၈)ဦးရှိ

တနင်္သာရီ နိုဝင်ဘာ ၂၃

 တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံအတွင်း ယမန်နေ့က တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် Fever Clinic ဆေးခန်းသို့ လာရောက်ပြသသည့်ပြင်ပမှလူနာ(၇) ဦးအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့်စစ်ဆေးပေးရာ လူနာသစ်(၄)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရသဖြင့် တကူ(စံပြ)တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃဆေးရုံ Positive Centre အတွင်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသွားအလာကန့်သတ်၍(၁၄)ရက် အကြာစောင့်ကြပ် ဆေးဝါးကုသပေးလျက်ရှိကြောင်း သိရသည်။

အလားတူ ကိုဗစ်-၁၉ရောဂါပိုးတွေ့သူများနှင့်ထိစပ်သည့်မိသားစုဝင်များကိုလည်း ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်၎င်းတို့၏နေအိမ်များအား အသွားအလာကန့်သတ်၍ Home Quarantine (၁၄)ရက်အကြာစောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ  တကူ(စံပြ)တိုက်နယ်ဆေးရုံတွင်လွန်ခဲ့သည့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာ(၁၇)ရက်နေ့မှစ၍ ယနေ့ထိ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရသူပေါင်း(၁၂၂)ဦးအထိ ရှိပြီး ယခု ကုသဆဲ ကိုဗစ်-၁၉လူနာဦးရေမှာ(၈)ဦးရှိကြောင်းအဆိုပါလူနာအား ဇီဝိတဒါနသံဃဆေးရုံ ကိုဗစ်-၁၉ Positive Centre တစ်ခုသာ‌ထားရှိပြီး ဆေးဝါးကုသပေးလျက်ရှိကြောင်း တာဝန်ခံ ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်ထံမှ သိရသည်။

နန်းသာရီ-ထိန်ဝင်း