ကော့ကရိတ်မြို့နယ်တွင်ကိုဗစ်-၁၉ ​​ရောဂါကာကွယ်ထိန်းချုပ်နိုင်​ရေးအသိပညာ​ပေးခြင်း​ဆောင်ရွက်

ကော့ကရိတ်  ​နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနဝန်ထမ်းများမှ ယနေ့နံနက် ၁၀နာရီအချိန်က မြို့​ပေါ်ရပ်ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့်ကိုဗစ်၁၉ရောဂါကူးစက်မှုမရှိ​​စေ​ရေး၊​ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်း၌ သာ နေထိုင်ရန်၊မဖြစ်မနေ အပြင် ထွက်ရပါကနှာခေါင်းစည်း Maskတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းရှောင်ကြရန်၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိ ပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်ပြီးဆေးကုသမှုခံယူရန်စသည့်အချက်များကိုအသိပညာ​ပေး လှည့်လည်နှိုးဆော်ခဲ့​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)