လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံမတ်ပဲ စံပြကွက်စိုက်ပျိူးခြင်း၊ တောင်သူ နည်းပညာပေး ကွင်းဆင်းသရုပ်ပြပွဲကျင်းပ

လေးမျက်နှာ   နိုဝင်ဘာ    ၂၃

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်  သုံးဆက်ကျေးရွာအုပ်စု  သခွားကုန်းကျေးရွာတွင်  ၂၀၂၁-၂၀၂၂ ခုနှစ်  ဆောင်းသီးနှံမတ်ပဲ (ရေဆင်း-၂)  စံပြကွက် စိုက်ပျိူးခြင်း  တောင်သူနည်းပညာပေးကွင်းသရုပ်ပြပွဲ  ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ  တောင်သူလယ်သမားများ၏  လူမှုဘဝတိုးတက် မြှင့်မားစေရန်၊  စိုက်ပျိူးရေးလုပ်ငန်းမှ  ဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်၍  စိုက်ပျိူးမြေများတွင်  နည်ပညာများ ပံ့ပိုးကူညီ လျက်ရှိပြီး  သုံးဆက်ကျေးရွာအုပ်စု၊  သခွားကုန်းကျေးရွာရှိ  တောင်သူ ဦးသန်းထိုက်  ကွင်းအမှတ်(၁၂၀၅)၊  ဦးပိုင်အမှတ် (၄၅) လယ်မြေတွင်  ၂၀၂၁-၂၀၂၂ ခုနှစ်  ဆောင်းသီးနှံမတ်ပဲ (ရေဆင်း-၂) စံပြကွက် စိုက်ပျိူးခြင်း  တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ  ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ကွင်းသရုပ်ပြပွဲသို့  လေးမျက်နှာမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲ များ၊  မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစောဝင်းရွှေနှင့် ဝန်ထမ်းများ၊  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်  စာရင်အင်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့်  ကျေးရွာအုပ်စုအတွင်းရှိ  တောင်သူများတက်ရောက်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)