ကမမောင်းမြို့တွင်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ကမမောင်း   နိုဝင်ဘာ    ၂၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်  ကမမောင်းမြို့တွင်  (၁၀၁)နှစ်မြောက်  အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ်  "သတင်းစကား "လက်ကမ်းစာစောင်များကို   ယနေ့နံနက်ပိုင်းက ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဝန်ထမ်းများက   အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  လက်ကမ်းစာစောင်တွင်  ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  (၁၁-၄-၂၀၂၁)ရက်နေ့တွင်  ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား  တွေ့ဆုံပွဲတွင်  ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊  အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ  အက်ဥပဒေကို သပိတ်မှောက် ရန်  သစ္စာဆို  အဓိဌာန်ပြုကြသော  ကျောင်းသားကြီး(၁၁)ဦး၊  အမျိုးသားရေးစိတ်ဓါတ်၊ပညာ ရေးကဏ္ဍသည်အရေးကြီး၊ အမျိုးသားအောင်ပွဲနေ့အစရှိသည့် အကြောင်းအရာများ၊ ရေနံသာ မောင်ကျော်ညွှန့်  ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာ  ကဗျာအစရှိသည့် အကြောင်းအရာ များ  ပါဝင်ကြောင်းသိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)