မေတ္တာ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် (၁၀၁) အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် ယမန်နေ့ ညနေ(၃)နာရီခွဲ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း စီမံအုပ်ချုပ် ရေး ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့် အမှာ စကားမှကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ် မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေး စိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိသည့် အကြောင်းအရာများ၊ ရေနံ့သာ မောင်ကျော်ညွှန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့ မြန်မာကဗျာ အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
နန်းခလိုက်(မေတ္တာ)