ရေဖြူ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယခုနှစ် ရာဘာဈေးကွက် ဈေးပိုမိုရရှိသဖြင့် အစေးခြစ်ရပ်နားထားသည့် ရာဘာခြံများပါအစေးခြစ်ကြကြောင်း ရာဘာ ခြံပိုင်ရှင်များထံက သိရသည်။
ပြီးခဲ့သည့် ရာသီတွင် ရာဘာအစေးပြားတစ်ပေါင်လျှင် (၇၀၀)ကျပ်မှ စတင်၍ ရာသီကုန်ခါနီး တွင်မှ အစေးပြားတစ်ပေါင်လျှင် (၉၅၀)ကျပ်ရရှိကြောင်း၊ ရာသီအစတွင်တော့ ကျပ် ၁၀၀၀ ကျော်သည်အထိ ဈေးမြင့်တက်ခဲ့ပြီး ယခု နိုဝင်ဘာလတွင် (၉၁၀)ကျပ်ရရှိနေကြောင်း ရေဖြူ မြို့နယ်၊ ဧကနိကျေးရွာ ရာဘာခြံပိုင်ရှင် ဦးသန်းဌေး ကပြောသည်။
ရေဖြူမြို့နယ်၊ ဧကနိကျေးရွာတွင် ထားဝယ်ရွှေပြည်ရာဘာစက်ရုံမှ အစေးရည် လာရောက် ဝယ်ယူနေပြီး ယနေ့ ပေါက်ဈေးမှာ ၉၈၀ ကျပ်ဖြစ်ကြောင်း သိရသည်။ ရေဖြူမြို့နယ်သည် ရာဘာကို အများဆုံးစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသည်။" ဒီနှစ် ဈေးကောင်းရရှိတော့ မနှစ်ကရပ်နားထားတဲ့ ရာဘာခြံတွေရော ရာဘာခြံအသစ်တွေပါ အပင်သက်တမ်းပြည့်တာနဲ့ အစေးခြစ်ကြကြောင်း၊ ဈေးကောင်းရတာတွေ အလုပ်အကိုင် ရှားပါးတာကြောင့်လည်းပါ ကြောင်း" ရာဘာခြံပိုင်ရှင်တစ်ဦးထံက သိရသည်။
ခတ္တာ