လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လောင်းလုံး နိုဝင်ဘာ ၂၃



တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အပတ်စဉ်ဌာနဆိုင်ရာ များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လောင်းလုံး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။


ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ် ရေးမှူး၊ ဦးအောင်ထိုက်က အမှာစကားပြောကြားရာ၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို တင်ပြဆွေနွေးပေးရန်/ ကိုဗစ်- ၁၉ ရောဂါကာကွယ်များ ဆက်လက်ထိုးနှံပေးရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်၊ ကား/ဆိုင်ကယ်လိုင်စင် များ စစ်ဆေးမည်ဖြစ်ပါ၍ လိုင်စင်မပြုလုပ်ရသေးသူများ ပြုလုပ်ဆောင်ရွက်ကြပါရန်နှင့် မိမိတို့သည်ဝန်ထမ်းဖြစ်သည်နှင့်အညီ လိုင်စင်မရှိသောကား၊ ဆိုင်ကယ်များမစီးနှင်း ကြပါ ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့လိုအပ်ချက်များကို ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဟု ပြောကြား၍ တက်ရောက်လာကြသောဌာနဆိုင်ရာများက မိမိတို့ဌာနလုပ်ငန်း အကြောင်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ   ဦးအောင်ထိုက်၊  မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရည်။
သိန်းသိန်း(လောင်းလုံး)