ကန်ကြီးထောင့် နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရွေးကျေးရွာ၌ အမျိုးသား လျှပ်စစ်မီး ရရှိရေးစီမံချက် (ဒုတိယ)အစဉ်အဖြစ် ဆောင်ရွက်သောကျေးရွာ လျှက်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနား အားယနေ့ မွန်း တည့်၁၂နာရီအချိန်က အဆိုပါကျေးရွာ၍ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာ ဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကရွေးကျေးရွာလျှပ်စစ်မီးလင်းရေးဖွင့်ပွဲအခမ်းအနား အားလျှပ်စစ်မီးခလုပ်နှိပ်၍ဖွ င့်လှစ်ပေးပြီးအမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။
ရွေးကျေးရွာရှိအိမ် ထောင်စု၁၉၈စုနှင့်လူဦးရေ၈၂၀ဦးအတွက်(၁၀၀-ကေဗွီအေ)ထရန်စဖော်မာ တစ်လုံး တပ်ဆင်၍၂ ၄ နာရီလျှပ်စစ်မီးပေးသွားမည် ဖြစ်ပြီးအခမ်းအနား စတင် ဖွင့်လှစ်သည့် ယနေ့တွင်နေအိမ်အလုံး ၅၀ လျှပ်စစ်မီးများ စတင်အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။
ထို့နာက်ဝန်ကြီးချုပ်သည ်ရွေးရွာလယ်ကျောင်းတိုက်သို့သွားရောက်ပြီးကျောင်းထိုင်ဆရာတော်အား ဖူးမြော်ပြီးလှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွေးကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုခဲ့ပြီးကျောင်းသုံးပစ္စည်း များနှင့် ကျန်းမာရေးသုံး ပစ္စည်းများအား တာဝန်ရှိသူများထံပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)