မင်းကင်းမြို့ရှိ ယာယီစျေးတွင်နှာခေါင်းစည်းနှင့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မင်းကင်း သြဂုတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ရှိ ယာယီစျေးတွင်  ကိုဗစ်-၁၉  ကာကွယ် ကြိုတင် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများနှင့် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များ ကို ယနေ့နံနက်ပိုင်းက ဖြန့်ဝေခဲ့ကြကြောင်း သိရှိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ကပ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးခြင်း ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

လှငွေ(မင်းကင်း)