ဒိုက်ဦးမြို့နယ်၌ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဒိုက်ဦးမြို့နယ်၌ မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင်မှ ဒိုက်ဦးမြို့နယ်၌ အတက်ရောဂါ စီမံချက် စတင်ခြင်းအကြောင်း ၊ အတက်ရောဂါ အကြောင်း၊ ရောဂါလက္ခဏာများ၊ အမျိုးသမီးများနှင့် ကလေးများအတွက် အတက်ရောဂါအကြောင်း သိကောင်းစရာ၊ တက်နေသော လူနာအားအရေးပေါ် ပြုစုကုသခြင်း အကြောင်းတို့အား ဆွေးနွေး တင်ပြခဲ့သည်။ 

ထို့နောက် တက်ရောက်လာသောသူများမှ သိလိုသည်များကို မေးမြန်းရာ ပြန်လည် ဆွေးနွေး ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)