ပွင့်ဖြူ နိုဝင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော်၏ လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့နံနက်ပိုင်းက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်း ပပျောက်စေရေးအတွက် ရည်ရွယ်ပြီး ပွင့်ဖြူမြို့ ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ ဖြန့်ဖြူးပေးထားသော မုန်းတံတား(ပွင့်ဖြူ)အနီး ၁၁ ကေဗွီ ဓာတ်အားလိုင်း တစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံး အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရန်၊ လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန်နှင့် ဓာတ်အား ပျောက်ဆုံးမှုများ လျော့နည်း ပပျောက်စေရန်အတွက် မြို့နယ်အတွင်း ဖြန့်ဖြူပေးလျက်ရှိသော လျှပ်စစ်ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန် ကောင်းမွန်စေရေး စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လိုင်းတာဝန်ခံ ဦးလှဝင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့ ၃၃ ကေဗွီ ဓာတ်အားခွဲရုံမှ ဖြန့်ဖြူးပေးထား သော မုန်းတံတား(ပွင့်ဖြူ)အနီး ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း သွားရောက်ကာ လျှပ်စစ်ကြွေသီးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းတိုင်များပေါ် တက်ရောက်နေ သောခြုံနွယ်များနှင့် နွယ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ထရန်စဖော်မာအနီး ဝန်းကျင်ရှိ ခြုံနွယ်များ ရှင်းလင်းခြင်း လုပ်ငန်းများကို စနစ်တကျ ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)