ဖြူး နိုဝင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းသွားသော်လည်း ကွင်းဆက် ပြတ်တောက်စေရေးအတွက် အပြင်ထွက်သူတိုင်း နှာခေါင်းစည်း(Masks) တပ်ဆင်သွားလာ ကြရန် အသိပညာပေးပြီး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှ စတင်ကာ ပဲခူးလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းဆုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်း (Masks) တပ်နိုင်ရေး၊ ကျန်းမားရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Masks) မတပ်ဆင်သူ များအား နှာခေါင်းစည်း (Masks) များ အခမဲ့ဖြန့်ဝေ တပ်ဆင်စေခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ဖြူးမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသူ အတည်ပြု လူနာ(၁၃၆၇)ဦး၊ သေဆုံးသူမှာ (၈၆)ဦးအထိရှိပြီး ကူးစက်မှု လျော့နည်းသွားသော်လည်း ရောဂါ ကူးစက်မှု ရှိနေသေးသဖြင့် ကွင်းဆက်ပြတ်တောက်ရေးကို မြို့နယ်အဆင့် လုပ်ငန်းကော်မတီအဖွဲ့ဝင် များက နေ့စဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)