ချောင်းသာ နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အထက်တန်းကျောင်းရှိ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယဆေး ထိုးပတ်အဖြစ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ချောင်းသာမြို့ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းဝင်ပေါက်တွင် လက်သန့်ဆေးများဖြင့် လက်ဆေး ခြင်း၊ နားနေ ခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင််း၊ ဆေးစစ်ခြင်း လုပ်ငန်းများ လုပ်ဆောင်ပြီးမှ ကာကွယ် ဆေးထိုးနှံပေးခဲ့ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော Sinopharm အမျိုးအစားဖြစ်ပြီး ယနေ့တွင် အသက် (၁၂) နှစ်အထက် ကျောင်းသား/သူများအားလုံး ကို ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးခြင်းလုပ်ငန်းကို အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီး ကြီးမှူး၍ ဆရာ/ဆရာမများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ပြန်/ဆက်ဝန်ထမ်းတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်လင်းမောင်