ဒေးဒရဲမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသားကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေး

ဒေးဒရဲ  နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး များ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀နာရီမှစတင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းစုရပ်များတွင်  ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ကာကွယ်ဆေး ထိုးနှံပေးရေးအဖွဲ့()ဖွဲ့ဖြင့် ဒေးဒရဲမြို့နယ် အတွင်း မြို့ပေါ်နှင့်ကျေးရွာများရှိ အခြေခံပညာကျောင်း(၁၄)ကျောင်းတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံပေးနိုင်ရေးကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ ၊ မီးသတ်တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနိုင်ရေး ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ဒေးဒရဲမြို့နယ်တွင် အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများကို  ပထမအကြိမ်တွင်(၅၈၅၇)ဦးထိုးနှံပေးခဲ့ပြီး ယနေ့ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၆၂၀)ဦး ထိုးနှံပေးပြီးဖြစ်ပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း