လဲချား နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ် ဦးစီးရုံးမှ ဒု-လဝကမှူး ဦးမျိုးမြင့်ဇော်နှင့် ဝန်ထမ်းများက ယနေ့ နံနက်( ၉) နာရီက ပန်ဆန်းကျေးရွာအုပ်စု၊ ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ပန်ဆန်းကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရသေးသူ (၃၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (လဲချား)