လိပ်သို နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင် လိပ်သိုမြို့တွင် (၁၀၁)နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ နိုင်ငံတော်စီမံအု်ပချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၁-၄-၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းစီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားမှကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြု ကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားအောင်ပွဲနေ့ အစရှိ သည့် အကြောင်းအရာများ၊ ရေနံသာမောင်ကျော်ညွှန့် ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာ အစရှိသည့် အကြောင်းအရာများ ပါဝင်ကြောင်းသိရသည်။
မြို့(ပြန်/ဆက်)