ကျိုက်ဒုံမြို့၊ဝင်းလုံချောင်း၌ ကိုယ်အားကိုယ်ကို သံကူကွန်ကရစ် တံတားတည်ဆောက်ရာ၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

ကျိုက်ဒုံ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ဝင်းလုံချောင်း၌ ကိုယ်အားကိုယ်ကို သံကူကွန်ကရစ် တံတားတည်ဆောက်နေသည့်နေရာ၌ အလှူရှင်၊စေတနာရှင်များက စုပေါင်းပြီး ယမန်နေ့က ဆရာတော်၊သံဃာတော်(၇)ပါးပင့်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊အမွေးနံသာရများ ပက်ဖြန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ သံကူကွန်ကရစ်တံတားသည် လယ်တောကြီးကျေးရွာနှင့် ကျိုက်ဒုံမြို့သို့ ဆက်သွယ်ထား သောမြေသားလမ်းပေါ်၌တည်ရှိပြီး တံတား အကျယ် (၁၄) ပေ၊အရှည်(၁၀၀)ပေ၊အမြင့်(၅၀) ပေဖြစ် ပြီးလယ်တောကြီးကျောင်းဆရာတော်နှင့် ရွာလုံးတောင်ဆရာတော်တို့မှ ဦးဆောင်ပြီး ကျိုက်ဒုံမြို့ ပေါ်နှင့် ကျေးရွာနေအလှူရှင်များက ပူးပေါင်းပြီး အများဒါကာကောင်းမှုဖြင့် ကိုယ်အားကိုယ်ကိုပြီး ရာသီမရွေး အသုံးပြုနိုင်စေရေးအတွက် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်