ဝေါလေမြိုင် နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့ နှင့်ပတ်သက်၍ အသိပညာ ဗဟုသုတများရရှိစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အကြို နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ပြ သဆောင်ရွက်သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့ နံရံကပ်စာစောင်တွင် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၏ မှတ်တမ်းဓာတ်ပုံများ၊ ခေတ်အဆက်ဆက် တာဝန် ထမ်းဆောင်ခဲ့ သော အမျိုးသားပညာဝန်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသားသပိတ် စတင်တော်လှန်ရာတွင် ပထမဆုံး အသုံးပြုခဲ့သည့် တံဆိပ်ခေါင်းပုံ၊ အမျိုးသားနေ့နှင့် ပတ်သက်သည့် ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ဆောင်းပါးများနှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့ပါဝင်ပြီး ပြည်သူများ နှင့် ကျောင်းသား/ကျောင်းသူများ ကြည့်ရှုလေ့လာနိုင်စေရန် ပြသထားရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြု လုပ်ငန်းတစ်ရပ်အဖြစ် ဝေါလေမြိုင် မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်မျိုးသင်း