ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၂၂
ကိုဗစ်-၁၉ ရောဂါ ဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား မြို့နယ်အတွင်း၌ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် အဆိုပါဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံပိုင်း အချိန်ကမြို့ပေါ်(၆) ရပ်ကွက် အတွင်းရှိ လမ်းဆုံနေရာများ မြို့လယ်လမ်းဆုံနေရာများနှင့် လူစည်ကားရာ မြို့မဈေးနှင့် ယာယီပျံကျဈေးသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ညွှန်ကြားချက်များ ထုတ်ပြန်ကြေညာထားသည့် ပန်ကြားချက်များ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ပြည်သူများ အနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းသတ်မှတ် ချက်များအား ပြည်သူများအနေဖြင့် သိရှိလိုက်နာနေထိုင်နိုင်စေရေးအတွက် အသံချဲ့စက်မိုက်ဖြင့် နေ့စဉ် စဉ်ဆက်မပြတ် အသိပညာ ပေးခြင်း အသိပေးနှိုးဆော်ခြင်း ကြေညာပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး