ကော့ကရိတ် နိုဝင်ဘာ ၂၂
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အသိပညာပေးလုပ်ငန်းများကို ကရင်/မြန်မာ နှစ်ဘာသာဖြင့် ယနေ့ နံနက် ၉ နာရီခွဲအချိန် ကော့ကရိတ်မြို့အတွင်းရှိ လမ်းဆုံ၊ လမ်းခွများနှင့် လူစည်ကားရာနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မိမိနေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီး ကိစ္စကြောင့် ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းကိုစနစ်တကျတပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာ သော ဧည့်သည်များအားလက်မခံပါရန်၊နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြော ခြင်း၊ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊လူစုလူဝေးပြုလုပ်ခြင်း နှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အရာဝတ္တုများကိုင်တွယ်ပြီးတိုင်း မိမိတို့၏လက်ကို ဆပ်ပြာ နှင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံနှိုးဆော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)