လှိုင်းဘွဲမြို့နယ် ကော့ဖမုတ်ကျေးရွာတွင် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ     နိုဝင်ဘာလ   ၂၂

ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျေးရွာနေပြည်သူများ အနေဖြင့် လူနာများ ပြုစုစောင့်ရှောက်ရာတွင် လိုအပ်သော ပြုစုနည်းများ ပြုစုနိုင်ရန်၊ အခြေခံပြုစုနည်းနှင့် ပတ်သက်၍  အသိပညာဗဟုသုတများ ရရှိနိုင်စေရန်အတွက် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းကို ယမန်နေ့က ကော့ဖမုတ်ကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း လှိုင်းဘွဲမြို့နယ် ကြက်ခြေနီ အသင်း တပ်ဖွဲ့မှူး ဦးဝင်းဇော်၊ ဒုတပ်ဖွဲ့မှူး ဒေါ်အေးအေးဖြူ နှင့်သင်တန်းနည်းပြများက ကော့ဖမုတ် ကျေးရွာအနီးတစ်ဝိုက်ရှိ  ကျေးရွာသူ/သားများအား ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစု ခြင်း အခြေခံ သဘောတရား၊ လူနာ ဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော ရှေးဦးပြုစုခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆက်ဒဏ်ရာ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့်သူ လိုက်နာရမည့်အချက်များ၊ မိုင်းဘေး အန္တရာယ်အသိပညာပေး စသည့် ဘာသာရပ်များကို သင်တန်းသား(၁၅)ဦး၊ သင်တန်းသူ(၃၀)ဦး စုစုပေါင်း (၄၅)ဦးဖြင့် ()ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း လှိုင်းဘွဲမြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးမှ သိရသည်။

စောဒိ(ပြန်/ဆက်)