မြန်အောင်မြို့နယ် မျှင်ဝါး‌တောင်ကျေးရွာတွင် ဆင်းသုခမိုးစပါး(Rs to Cs) မျိုး‌စေ့ထုတ်စိုက်ခင်း စံကွက် ရိတ် သိမ်းပွဲကျင်းပ

မြန်အောင်  နိုဝင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ဆင်းသုခ မိုးစပါး(Rs to Cs)မျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို မျှင်ဝါး‌တောင်ကျေးရွာအုပ်စု၊  မျှင်ဝါးတောင်ကျေးရွာ၊ မျှင်ဝါးတောင်ကွင်းအမှတ် ၃၅၄၊ ဦးပိုင် ၄၉/၁ တောင်သူ ဦးသောင်းဟန် /ဦးသောင်းဌေး တို့၏ လယ်မြေ(၅)ဧကတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တောင်သူ ဦးသောင်းဟန်/ဦးသောင်းဌေးတို့၏ လယ်မြေ(၅)ဧကတွင် ဆင်းသုခမိုးစပါး(Rs to Cs) မျိုးစေ့ ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်တင်း အစို (၉၈) တင်း၊ အခြောက်( ၉၁)တင်း ထွက်ရှိကြောင်းသိရသည်။   

အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး‌နေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင် သူရိန်ထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးနိုင်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးအရာရှိ ဦးစိုးမြင့်‌ အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းနှင့်ဝန်ထမ်းများ၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ မြို့နယ်ပြန် /ဆက် ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၁ -၂၀၂၂ ခုနှစ် ဆင်းသုခမိုးစပါး(Rs to Cs)မျိုးစေ့ထုတ်စိုက်ခင်း ဧက (၃၀၀) စိုက်ပျိုးထုတ်လုပ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ 

ဝင်းဗိုလ် မြန်အောင်