ရေဦး နို၀င်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးနည်းပညာ ပြန့်ပွားရေး စင်တာတို့တွင် တောင်သူပညာပေး Home Garden အဖြစ် သီးနှံပင်များ စိုက်ပျိုးလျက်ရှိသည်။
Home Garden ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ "တောင်သူများ သီးနှံပင်များ တစ်ပိုင်တနိုင် စိုက်ပျိုး ခြင်းဖြင့် မိသားစု၀မ်းစာအထောက်အကူဖြစ် စေရုံသာမက ရာသီအလိုက်၀င်ငွေရရှိနိုင်မည့် ရည်ရွယ်ချက် ဖြစ်ပါတယ်၊ တောင်သူများအနေဖြင့်မိမိနေအိမ်တွင် ရာသီအလိုက်သီးနှံပင်များ စိုက်ပျိုး နိုင်ရေး သီးနှံ မျိုးစေ့ မျိုးထုပ်များ အခမဲ့ပေးဝေလျှက်ရှိပါတယ်၊ သက်ဆိုင်ရာစိုက်ပျိုးနည်းပညာပြန့်ပွား ရေးစင်တာ တာ၀န်ခံနှင့်၀န်ထမ်းများထံဆက်သွယ်ရယူစိုက်ပျိုးနိုင်ပါတယ်၊ အခု ကျွန်တော့်မြို့နယ်ရုံးခြံ၀င်းထဲမှာ နှစ်ရှည်သီးနှံပင်ဖြစ်တဲ့နဂါးမောက်ပင် ၇၀ စိုက်ပျိုးထားပါတယ်၊ အခြားဟင်းသီးဟင်းရွက်ပင်တွေဖြစ်တဲ့ ချဉ်ပေါင်၊ ဗူး၊ ကန်စွန်း၊ ဘိလပ်၊ ပဲတောင့်ရှည်နဲ့ ရာသီပေါ်ပန်းပင်များ လဲစိုက်ပျိုးထားပါတယ်၊ နည်းပညာ ပြန့်ပွားရေး စင်တာတွေမှာလည်း ဗူး၊ ဖရုံ၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ ပဲတောင်ရှည်၊ ခဝဲ၊ငရုတ်စတဲ့ သီးနှံပင်တွေ နမူနာစိုက်ပျိုးပြသပေးထားပါတယ်၊ ထွက်လာတဲ့ သီးနှံတွေကိုတော့ ကျေးလက်နေ ပြည်သူများကို ပေးဝေတာမျိုးလုပ်ပါတယ်၊ စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ(KC) လေးစင်တာ ရှိပါ တယ်၊ ယခင်နှစ်တွေမှာ စင်တာအလိုက် Home Garden ဆောင်ရွက်ထားရှိမှု၊ နယ်မြေအလိုက် သီးနှံစိုက်ပျိုး ဖြစ်ထွန်းအောင်မြင်မှုဆိုင်ရာ ပြိုင်ပွဲပြုလုပ်ပေးပြီး ဆုပေးတာတွေလည်း လုပ်တယ်၊ ယခုနှစ် မှာတော့ ပြိုင်ပွဲမလုပ်ပေးနိုင်တော့ဘူး၊ အဓိကကတောင်သူပညာပေးဖို့ပါပဲ၊ ကိုယ်တိုင် စိုက်ပြမှ တောင်သူ တွေတွေ့မြင်သိရှိ ယုံကြည်လာမယ် တောင်သူအကျိုးပြုစေဖို့ စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဖုန်းဖြင့်သော် လည်းကောင်း၊ အွန်လိုင်းမှသော်လည်းကောင်း နည်းပညာတွေ ဖြန့်ဝေပေးလျက် ရှိပါတယ်"ဟု မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှုးက ပြောသည်။