ချောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် စလေမြို့၌ ယနေ့ နံနက် ၉ နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ချောက်မြို့နယ် ဦးစီးအရာရှိ ဦးအောင်ဇော်တင့်နှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်း ပေးအပ်ခဲ့သည်။
ချောက်မြို့နယ်၊ စလေမြို့၊ အမှတ်(၅)ရပ်ကွက်တွင် ဦးစီးအရာရှိ ဦးအောင်ဇော်တင့် ဦးဆောင်သော အဖွဲ့သည် ပန်းခင်းစံပြအမှတ်(၅)ရပ်ကွက်တွင် ဆိုင်းဘုတ်စိုက်ထူခြင်း၊ အိမ်ထောင်စု လူဦးရေ(၅၆)စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၉)ကတ်ပြား ပေးအပ်ခြင်း ပန်းခင်း စီမံချက်အကြောင်း သိကောင်းစရာ ပန်းဖလက် (၃၀၀)စောင် ဖြန့်ဝေခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းပေးအပ်ပွဲသို့ စလေမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဒုဦးစီး၊ မီးသတ်ဦးစီး၊ ကြက်ခြေနီအဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)