မြဝတီ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြု လုပ်သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲသို့ မြဝတီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးပြီး မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာအုပ် အမျိုးအစား နှင့် စာပေဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။
အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အမျိုးသားရေးစိတ်ဓါတ် ရှင်သန်ထက်မြတ်ရေးနှင့် အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် စာအုပ်၊ စာစောင်ပြပွဲကို ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်