ပိုင်ကျုံတိုက်နယ်‌ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအသုတ် (ပထမ)အကြိမ် ဆက်လက်ထိုးနှံပေးသွားမည်

ပိုင်ကျုံ   နိုဝင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက် (၁၈)နှစ် အထက် ဒေသခံပြည်သူများ၊    အကြောင်း အမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပိုင်ကျုံမြို့ တိုက်နယ် ဆေးရုံ၌ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ၇၁၁၄ဦး ရှိပြီး  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ(၁ဝဝဝ)ဦး လာရောက်ထိုးခဲ့ကြောင်း ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသေး ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နိုဝင်ဘာလ ၂၂ရက်နေ့တွင် ​​လူဦးရေ (၁၀၀၀)ဦး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများတို့က  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်   ပူးပေါင်းပါဝင်  ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

 ပိုင်ကျုံ (ပြန်/ဆက်)