ရေတာရှည် နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် မိုးစပါး ဆင်းသုခစပါးမျိုး စံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့ ယမန်ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ဆတ်သေကျေးရွာ အုပ်စု ဆတ်သေ (မြောက်) ကျေးရွာရှိ ကွင်းအမှတ် (၇၃၉) (က) ဦးပိုင် (၃၀) တောင်သူ ဦးကြည်ဆင့်၏ လယ်ယာမြေတွင် ဆောင်ရွက်ခဲ့ပြီး တစ်ဧကလျှင် စပါးအစိုချိန်တင်း ၁၄၀ ဒသမ ၇၅ တင်းရှိကာ စပါးအခြောက် တင်း ၁၂၈ ဒသမ ၀၈ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
စံကွက် ရိတ်သိမ်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။