တနင်္သာရီ နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အထက-တနင်္သာရီကျောင်းအတွင်း အသက်(၁၂) နှစ်နှင့်အထက် အခြေခံပညာအထက်တန်းနှင့် လယ်တန်းကျောင်းသူ/သားများ (၁၉၇)ဦးတို့အား ယမန်ရက် နေ့က (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဆရာမများနှင့် ပညာရေးဌာန ဆရာ/မများ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက်များနှင့်အညီ သတ်မှတ်နေ့ရက် အလိုက်ထိုးနှံပေးကြသည်။
တနင်္သာရီမြို့နယ်အတွင်း ကျောင်းသား/သူများ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်ဝစေရန်နှင့် အေးချမ်း လုံခြုံစွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ (၁၇ရက်မှ၂၁ရက်) အတွင်း (ပထမ)အကြိမ်အဖြစ်၊ Sinovac ကာကွယ်ဆေးထိုးနှံထားပြီးသည့် ကျောင်းသူ/သားပေါင်း (၂၉၂၁) ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန် ဆေးထိုးအုပ်စုများခွဲ၍ (ဒုတိယ) အကြိမ်၊ ထိုးနှံပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် အထက-တနင်္သာရီ၌ (ပထမ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အလယ်တန်းအဆင့် ကျောင်းသား(၁၁)ဦးနှင့် ကျောင်းသူ(၈)ဦး...ပေါင်း(၁၉)ဦး တို့သည် (ဒုတိယ) အကြိမ် ဆေးနှံရန် ကျန်ရှိနေသေးကြောင်းနှင့် ကျောင်းတက်နေပြီး ၎င်းကာကွယ်ဆေးတစ်ကြိမ်မျှ မထိုး ရသေး သော ကျောင်းသား(၁၂)ဦနှင့်ကျောင်းသူ(၁၈)ဦး၊ ပေါင်း(၃၀)ဦးတို့ကိုလည်း ဆက်လက် ထိုးနှံပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်ဇော်ထံက သိရသည်။
နန်းသာရီ~ထိန်ဝင်း