ထားဝယ် နိုဝင်ဘာ ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ယမန်နေ့တွင် ရေဖြူမြို့၊ ပုလဲကူကျေးရွာ၌ နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့် နှင့် ဝန်ထမ်းများက ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစီစစ်ရေးကတ်ပြား (၃) က ၃၉ ခု ၊ ၆(က)၅ ခု၊ လဲလှယ် ၁၅ ခု ၊ မိတ္တူ ၁၃ ခုတို့ကို ကျေးရွာနေပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ရေဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေး ရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် မေ ၃ ရက်နေ့မှ ရက်နေ့မှ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၃ ရက်နေ့အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)