ပုလောမြို့နယ် ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်း

ပလောက်    နိုဝင်ဘာ    ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့ နံနက်၈နာရီ မိနစ် ၃၀ အချိန်က ကျောက်လုံးကြီး ကျေးရွာအုပ်စုရှိ တောင်သူဦးချမ်းမွန်၏လယ်၊ ကွင်းအမှတ် ( ၇-ခ )၊ ဦးပိုင်အမှတ် ( ၁၀၉) ရှိ ပေါ်ဆန်းရင်မျိုးစပါး(၆၆)ပေ၊ မိုးစပါးစံကွက်ရိတ်သိမ်းရာ (၈၄)တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပလောက်မြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

နှင်းမြူလွင်   (ပလောက်)