ပွင့်ဖြူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှု

ပွင့်ဖြူ       နိုဝင်ဘာ       ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် နိုဝင်ဘာ ()ရက် နေ့ကစပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးလျက်ရှိရာ ယနေ့နံနက် နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရွာခိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ဇီးတောကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် လက်ပနွယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်ပြီး စာသင်ခန်းများအလိုက် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်တာဝန်ခံများနှင့် ဆရာ၊ ဆရာမ များအား တွေ့ဆုံ၍ ပညာသင်ကြားရေးလုပ်ငန်းတွင်  ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက် များကို အလေးထား လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာ ကြားကာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားနိုင်ရေး ဆရာ၊ ဆရာမဝန်ထမ်းအင်အား လိုအပ်ချက်များနှင့် ကျောင်းဝန်းကျင်လုံခြုံရေး ကိစ္စရပ်များ အား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၀)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၇)ကျောင်း၊ အလယ်တန်းကျောင်း ()ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁၀)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၂)ကျောင်း၊ မူလတန်းကျောင်း(၁၀၇)ကျောင်း၊ မူလတန်းကျောင်းခွဲ ()ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း()ကျောင်း၊ စုစုပေါင်း အခြေခံပညာစာသင် ကျောင်းပေါင်း (၁၆၉)ကျောင်းရှိပြီး ယနေ့ တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားဦးရေ အနေဖြင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၈၁၅၈ ဦး၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၄၆၀၆ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၅၁၃ ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၄၂၇၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော်ထံမှ  သိရသည်။  

 ရဲဝင်းနိုင် ( ညောင်ဦး )