စုကလိ နိုဝင်ဘာ ၂၀
ကရင်ပြည်နယ်၊ မြဝတီခရိုင်စုကလိမြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မုလအိတောင် ဘုရားဖူးခရီးစဉ်အား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်၍ ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဘုရားဖူးခရီးစဉ်အား၊ မြဝတီမြို့ ကြခတ်တော ဘုန်းကြီးကျောင်းမုဒ်ဝရှိ မုလအိတောင်တက် ယဉ်လိုင်းမှတဆင့် လာရောက်ဖူးမျှော်နိုင်ကြသလို ကိုယ်ပိုင်လိုင်းကားများနှင့် လာရောက်ဖူးမျှော်လိုပါက 4W ပါသော ကားအမြင့်များနှင့်လည်း တာနောထတောင်ခြေရှိ ယဥ်ရပ်နားစခန်းသို့ လာရောက် ဖူးမျှော်နိုင်ပြီးဖြစ်ပါသည်။
မုလအိတောင်၊ မုလအတောင်၊ မောတုသဘာဝရေတံခွန်ခရီးစဉ်များအား တစ်ပြိုင်တည်း လည်ပတ်နိုင် သောခရီးစဉ်ဖြစ် ကြောင်း တာဝန်ရှိသူများထံမှ သိရှိရသည်။
ပိုပိုအောင်