ဒိုက်ဦး နိုဝင်ဘာ ၂၀
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၉၉)ကြိမ်မြောက် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က စတင်ကျင်းပခဲ့သည်။
ဒေသစာရီ လှည့်လည်ပူဇော်ပွဲ ဖွင့်ပွဲကို မြတ်စွာဘုရားများ ကိန်းဝပ်စံပယ်တော်မူသော ကန်ဦးကျောင်းတိုက် ဓမ္မာရုံကြီးရှေ့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင် လူငယ်အဖွဲ့တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ယခုနှစ် (၉၉)ကြိမ်မြောက် တိုင်ဆောင်တိုင်ပွဲတော်ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်ရောဂါ စည်းကမ်းချက်များနှင့်အညီ လှည့်လည်ရာ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ သြဝါဒကိုခံယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်ပြီး၊ စေတနာရှင် လူငယ်အဖွဲ့၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများက နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများအား သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်အပူဇော်ခံကြကြောင်း သတင်းရရှိသည်။