ဖောင်းပြင် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးသားနေ့ဆိုင်ရာ အသိပညာပေး ဓာတ်ပုံများ၊ စာစောင်များကို နံရံကပ်ပြဘုတ်ပြုလုပ်၍ ယနေ့နံနက်ပိုင်းက ပြသခဲ့ကြောင်း သိရသည်။
ထိုသို့ပြသထားရှိရာ အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားရေး စိတ်ဓာတ်များ အကြောင်းကို လည်းကောင်း၊ အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များကို လည်းကောင်း၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များ အကြောင်းကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားလွတ်မြောက်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ မှတ်တမ်း ဓာတ်ပုံများကိုလည်းကောင်း ပြသသည်။
ထို့ပြင် မူးယစ်ဆေးဝါးသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူများ ပူးပေါင်းပါဝင် တိုက်ဖျက်နိုင်ရန် မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများကိုလည်း ပြသထားရှိကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)