ပိုင်ကျုံတိုက်နယ်‌ ဆေးရုံတွင် စတုတ္ထအသုတ် (ပထမ) အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေး

ပိုင်ကျုံ   နိုဝင်ဘာ  ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက် (၁၈) နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် ပိုင်ကျုံမြို့ တိုက်နယ်ဆေးရုံ၌ စတင် ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် စတုတ္ထအသုတ် (ပထမ) အကြိမ် ပထမရက်တွင် ဒေသနေ ပြည်သူ (၁၀၀၀) ဦး   ထိုးနှံပေးသွားမည်  ဖြစ်ကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုးနှံသူ များအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)