ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်ပေး

ကျောင်းကုန်း   နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ကျောင်းကုန်းမြို့နယ်၊ ကျားကိုက်ချောင်းအုပ်စု၊ ကျားကိုက်ချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ယနေ့နံနက် နာရီအချိန်ခန့်က ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှုး ဦးမျိုးဝင်းရှိန်က နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသည့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံးပျက်စီးသူ ပြည်သူများအား ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြန်လည်ထုတ်ပေးနေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ လက်ထောက် လ..ကမှူး ဦးစိုးညီညီနိုင်က အိမ်ထောင်စု လူဦးရေစာရင်း(၅၀)ခုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား(၈၀)ခု ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတစ်ဝှမ်း အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းကုန်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ အခက်အခဲရှိသည့် ကျေးရွာများရှိ ဒေသခံပြည်သူများအား မြို့နယ်ဦးစီးမှူးရုံးသို့  ဖိတ်ခေါ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများက ပိုမိုသိရှိလာပြီး ဌာန၏ ဆောင်ရွက်ချက်များအပေါ်  ပူးပေါင်းပါဝင်မှုများ တိုးတက်လာနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမျိုးဝင်းရှိန်က ပြောသည်။

ဝင်းကြိုင်(ပြန်/ဆက်)