စစ်ကိုင်း နိုဝင်ဘာ ၁၉
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား/ ကျောင်းသူလေးများ စကားဆက်ပြိုင်ပွဲ အခမ်းအနားကို အဆိုပါရုံးရှိ လူထုအခြေပြု ဗဟိုခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်အောင်ထွေးက ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်း လာသည်နှင့်အမျှ ဌာနအနေဖြင့် ပြည်သူများအသိ ပညာဗဟုသုတများ တိုးပွားစေရန်နှင့် ကလေးငယ်များ ပျော်ရွှင်မှုရှိစေရန် စာအုပ်များငှားရမ်းခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
စကားဆက်ပြိုင်ပွဲတွင် အချိန်ကန့သတ်ချက်ပေးပြီး ကျောင်းသား/ကျောင်းသူလေးများအား ယှဉ်ပြိုင် ကစားစေရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူလေးများကို တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)