ကောလင်း နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ခွင်တောင်းအုပ်စု၊ လက်ပံကွေ့ကျေးရွာမှ တောင်သူဦးမောင်ဝင်း၏ မော်ဘီ-၂ (၅ဧက)၊ ဆင်းဧကရီ-၃(၆ဧက)၊ ဧရာမင်း(၁ဧက) မျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းကွက် စုစုပေါင်း ၁၂ဧကအား နောက်ဆုံးအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းနှင့် ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ စစ်ဆေးခြင်းများကို ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ဦးဝင်းသိန်း၊ ခရိုင်မျိုးစေ့တာဝန်ခံ ဒေါ်ကြင်စန်း၊ ကွင်းတာဝန်ခံ လက်ထောက်ဦးစီးမှူးဒေါ်ကြူကြူဝင်း၊ မြို့နယ်ရုံးမှ ဝန်ထမ်းများ၊ အကျိုးဆောင် တောင်သူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကောလင်းခရိုင်အတွင်း စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက် ကောလင်းမြို့နယ် တွင် ၁၅၀ ဧက၊ ဝန်းသိုမြို့နယ်တွင် ၁၆၀ဧက၊ ပင်လည်ဘူးမြို့နယ်တွင် ၂၀၀ ဧက စုစုပေါင်း ၅၁၀ ဧက စိုက်ပျိုးထားရှိကြောင်းသိရသည်။
မြင့်ထွန်းမင်း(ကောလင်း)