ခန္တီးမြို့၌ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

ခန္တီး နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့၌ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံ ကထိန်ပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၄၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေ ချ)ခန္တီး၊ ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ပေါမိုင်း၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများနှင့် ရပ်ကွက်အတွင်းရှိ အလှူရှင်များ စုပေါင်း၍ စုစုပေါင်း ပဒေသာပင် (၁၂၉)ပင်နှင့် စုစုပေါင်း လှူဒါန်းငွေ (၂၈၈)သိန်းအား လှူဒါန်းခဲ့ကြကြောင်း ခန္တီးမြို့ထေရဝါရ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လွင်၏ ပြောကြားချက်အရ သိရသည်။

ဟန်ထွန်း(အင်းဝ)