ကဝ နိုဝင်ဘာ ၁၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ခု (၆)လဘတ်ဂျက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာ ဖွံ့ဖြိုးတိုးတက် ရေး စီမံကိန်းရေးဆွဲခြင်းနှင့် (AVIP) ရေးဆွဲခြင်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် (၉:၀၀)နာရီ တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှုး ဦးလှဝင်းကျော်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ သဘောသဘာဝများ၊ ရည်ရွယ်ချက်များနှင့် မူဝါဒ များကိုရှင်းလင်းပြောကြား၍သင်တန်းကိုဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါသင်တန်းသို့ ကမာကလဲကျေးရွာ၊ သောင်ကြီးကျေးရွာ၊ ဘေးဘောက်ကျေးရွာ၊ ဘော့သွန် ကျေးရွာများမှ သင်တန်းသားသင်တန်းသူ(၁၂)ဦးတို့ တက်ရောက်ကြပြီး သင်တန်းနည်းပြ မြို့နယ် ဦးစီးမှူး ဦးလှဝင်းကျော်နှင့် အငယ်တန်းအင်ဂျင်နီယာ (၂)ဦးကောင်းခန့်ပိုင်တို့မှ သက်ဆိုင်ရာ ကဏ္ဍအလိုက်သင်ကြားပို့ချကာ သင်တန်းကာလမှာ (၅)ရက်တိုင်တိုင် ဆက်လက်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။