ကျုံပျော်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ကျုံပျော်       နိုဝင်ဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊  ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ၊ ယခု ဒုတိယအကြိမ် ဆေးထိုးနှံခြင်းအဖြစ် သက်ဆိုင်ရာ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျုံ‌‌ပျော်မြို့နယ်တွင် အထက်တန်းကျောင်း(၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ)()ကျောင်း၊ အလယ်တန်းကျောင်း(၂၀)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ()ကျောင်း၊ မူလွန်(၁၄)ကျောင်း၊ ဘုန်းတော်ကြီးသင်()ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်း စုစုပေါင်း  ကျောင်းပေါင်း(၇၀)မှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ (၆၆၇၉) ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinovac)အား  ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်ကာ၊ ယခု  ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ဆေးထိုးနှံမှု စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဆေးထိုးကြီးကြပ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းတို့ကို ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး၊ အဆိုပါ ဆေးထိုးနှံခြင်းကို ဆေးထိုးအဖွဲ့ ()ဖွဲ့၊ ဆေးထိုးစုရပ် (၁၄)ခုဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)