ကော့ကရိတ် နိုဝင်ဘာ ၁၉
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီ ပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် နေရာများတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
ကော့ကရိတ်မြို့ ရပ်ကွက် /ကျေးရွာများရှိ ဘုရာစေတီပုထိုးများ၊ ရပ်ကွက်များရှိ လမ်းအသီးသီးတို့တွင် မြတ်စွာဘုရားအား ရည်မှန်းပြီး ဆီးမီးများထွန်းညှိပူဇော်ခြင်းနှင့် နိဗ္ဗာန်စျေးပွဲတော်လုပ်ခြင်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက် ရှိသည်။ ထို့အပြင် ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇) ရပ်ကွက်ရှိ စတုဒီသာမဏ္ဍများတွင် ယနေ့ ညနေ ၃ နာရီ အချိန်က ထမင်း၊ ဟင်း၊ ကြာဇံချက်၊ ဒံပေါက်၊ မဲဇလီဖူးဟင်းချို၊ ခေါက်ဆွဲကြော်၊ အုန်းနို့ခေါက်ဆွဲနှင့် မုန့်များဖြင့် ကျွေးမွေး ကြရာ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ လာရောက်သူတို့ဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
ယမန်နှစ်တွေက တန်ဆောင်မုန်းလပြည့်ညဆို ကော့ကရိတ်မြို့မှာရှိတဲ့ ဇိနသုခစေတီတော်နှင့် အခြားစေတီ ပုထိုးများမှာ လာရောက်ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိသော်လည်း ယခုနှစ်မှာတော့ ကော့ကရိတ် မြို့မှာက ည (၈) နာရီ မထွက်ရ အမိန့်နဲ့ဆိုတော့ ယမန်နှစ်လောက်တော့ လာရောက် ကုသိုလ်ယူသူမများ ပေမဲ့လည်း စည်းကားလျက်ရှိပါ တယ်ဟု အမှတ် (၁)ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောကြားသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)