မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ် ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း     နိုဝင်ဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကစတင်ပြီး တစ်ညအိပ် နှစ်ရက်ခရီးဖြင့် မြစ်ကြီးဘိုးကျေးရွာအုပ်စုနှင့် နတ်မှူးကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးအောင်နိုင်နှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသည့် အသက် ၁၀နှစ်အထက်နှင့် အသက် ၁၈ နှစ်အထက် ၃ (က) (၁၈၃) ဦး၊ ၆ (က) (၂၃၈) ဦး၊ လဲလှယ် (၉) ဦး၊ မိတ္တူ (၂၄) ဦး၊ စုစုပေါင်း (၄၅၄) ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့သည်။

ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစီစစ်ရေးကတ်ပြား ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို မြို့ပေါ်/ကျေးရွာအုပ်စု (၁၂၁) အုပ်စုအတွင်းမှ (၇၂) အုပ်စုကွင်းဆင်းပြီးစီး၍  နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးထားနိုင်ခဲ့ပြီး ကျန်ရှိနေသည့် ကျေးရွာများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 အောင်အောင် (ပြန်/ဆက်)