ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးနှိုးဆော်အချက်များအား ကရင်၊ မြန်မာ နှစ်ဘာသာဖြင့်​ အသိပေးကြေညာ

ပိုင်ကျုံ   နိုဝင်ဘာ   ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ချက်များကို ယမန်နေ့နံနက်(၉)နာရီအချိန်တွင်  ကာကွယ်ဆေး ထိုးရန်စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌  ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါသည် မိမိကစ၍ ကာကွယ်ရမည့်ဖြစ်ရာ   ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုကို လျှော့နည်းစေမည့် နည်းလမ်းများကို ကာကွယ်ဆေး လာရောက်ထိုးနှံသည့် မိဘပြည်သူများအား အသိပညာဗဟုသုတ ပိုမိုသိရှိစေရန်ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးထိုးပြီးသော်လည်း ဆက်လက် လိုက်နာဆောင်ရွက်ရ မည့် အချက်များအား လိုက်လံအသိပေးကြေညာခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)